နိုင်ငံတော်ကိုကာကွယ်ဖို့ပြည်သူ့စစ်မှုထမ်းကြစို့

 

"နှမလေး၊မယ်တို့မောင်မှာ၊စစ်သံကြားလျှင်၊ရွှေဓားပိုက်ကာ၊အိုးစားဖက်ကို၊လိုက်လို့ရှာသည်၊ရိက္ခာကနဲ(နည်း)၊မိုးကသဲ(သည်း)နှင့်၊သင်းတွဲကိုကူးပါလိမ့်မလားတော်"ဆို သောစစ်မှာတမူအိုင်ချင်းကဗျာကိုစာဆိုရှင်တောင်တွင်းရှင်ငြိမ်းမယ်ကညောင်ရမ်းခေတ်တွင်ရေးသားခဲ့သည်။စစ်ထွက်ခါနီးအချိန်တွင်စစ်သည်တစ်ဦးကသူ၏နှမချစ်သူနှင့်အပြန်အလှန်ပြောဆိုနေကြပုံကိုရေးဖွဲ့ထားသည်။မိန်းမပျိုလေး၏ချစ်သူမောင်သည်စစ်ထွက်ရ မည်ဟူသောအသံကြားလျှင်"ဓားကိုပိုက်ကာအိုးစားဖက်ကိုလိုက်၍ရှာသည်။စစ်ထွက်ရာတွင်ရိက္ခာနည်းနည်းသာပါသွားသည်။မိုးသည်းထန်စွာရွာသွန်းနေသောကြောင့်ရေစီးသန်လှသည့်သင်းတွဲမြောင်းကြီးကိုကူးနိုင်ပါ့မလား"ဟုတွေးကာစိုးရိမ်နေပုံကိုရေးဖွဲ့ထားသည်။ရှေးခေတ်မြန်မာတို့သည်စစ်တိုက်ရမည်ကိုကြောက်ရွံ့ခြင်းမရှိဘဲတိုင်းနိုင်ငံကာကွယ်ရေးတွင်တစ်တပ်တစ်အားပူးပေါင်းပါဝင်ခဲ့ကြသည်။

              မြန်မာနိုင်ငံတွင်ခေတ်အဆက်ဆက်၌ရဲစွမ်းသတ္တိရှိသောစစ်သည်များဖြင့်စစ် တပ်ကိုဖွဲ့စည်းခဲ့ကြပြီးတိုက်ပွဲများစွာကိုအောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်။ပထမမြန်မာနိုင်ငံ တော်(ပုဂံခေတ်)အနော်ရထာမင်းလက်ထက်တွင်အရေးပေါ်လျှင်ပေါ်သည့်အားလျော်စွာ စစ်တပ်ကိုဖွဲ့စည်းခဲ့သည်။မိမိတို့မြို့များအလိုက်သင့်လျော်သည့်စစ်သည်အင်အားအချိုး ကျအတိုင်းပါဝင်ကြသည်။ထို့ကြောင့်ထောင်ပြုမြို့၊ရှစ်ရာပြုမြို့၊လေးရာပြုမြို့၊သုံးရာပြုမြို့၊နှစ်ရာပြုမြို့၊တစ်ရာပြုမြို့၊ရှစ်ဆယ်ပြုမြို့စသည်ဖြင့်မြို့ပြအသီးသီးကိုတည်ထောင်ကြ သည်။စွမ်းရည်သတ္တိနှင်ပြည့်စုံသူများကိုမြှောက်စားချီးမြှင်ခဲ့ရာကျန်စစ်သား၊ငထွေရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဖီးဟူသောသူရဲကောင်းလေးဦးပေါ်ထွန်းခဲ့သည်။

           ဒုတိယမြန်မာနိုင်ငံတော်(ကေတုမတီတောင်ငူခေတ်)ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင်သရေခေတ္တရာသို့ဆင်ကောင်ရေ၂၅၀၊မြင်းကောင်ရေ၃၀၀၀၊စစ်သည်၉၀၀၀၀နှင့်ခြေလျင်တပ်ပေါင်း၁၇တပ်တို့ဖြင့်သွားရောက်တိုက်ခိုက်ခဲ့သည်ကိုကြည့်ခြင်းအား ဖြင့်၎င်းစစ်တပ်တွင်စစ်သည်အင်အားများပြားသည်ကိုသိရှိနိုင်သည်။အင်းဝ၊ဟံသာဝတီ၊ ရှမ်းပြည်တောင်ပိုင်းနှင့်မဏိပူရမြောက်ဘက်ခြမ်းတို့ကိုသိမ်းပိုက်နိုင်ခဲ့ရာနောင်ရိုးတိုက်ပွဲ မှာထင်ရှားသောတိုက်ပွဲဖြစ်သည်။

          တတိယမြန်မာနိုင်ငံတော်(ကုန်းဘောင်ခေတ်)အလောင်းမင်းတရားကြီးလက် ထက်တွင်ဟံသာဝတီကိုတိုက်ခိုက်သိမ်းယူခဲ့ပြီးတပ်ကိုထန်းလုံးများဖြင့်ကာရံကာမုဆိုးဘိုကျေးရွာ၌"ထန်းလုံးတပ်"ကိုတည်ဆောက်ခဲ့၏။မြင်းရေးကျွမ်းကျင်သောစစ်သည်ခြောက်ကျိပ်ရှစ်ယောက်(၆၈ဦး)ဖြင့်မြင်းတပ်ကိုဖွဲ့စည်းခဲ့သည်။မင်းတရားကြီးသည်၁၁၁၅ခုနှစ် တွင်မုဆိုးဘိုရွာအားရွှေဘိုဟုသမုတ်ကာမြို့နန်းတည်တော်မူခဲ့သည်။၁၁၁၇ခုနှစ်တွင်ဒဂုန်ကိုသိမ်းပိုက်ကာမြို့သစ်တည်ပြီးလျှင်ရန်ကုန်ဟုခေါ်တွင်စေခဲ့သည်။မွန်တို့နှင့်စစ်ဖြစ်ရာတွင်အသေခံသူရဲကောင်း၉၃ဦးကိုရွေးချယ်၍တိုက်ခိုက်စေခဲ့ရာအမြောက်ကြီး၁၀၀ကျော်၊အ မြောက်ငယ်၁၀၀ကျော်၊သေ နတ်၁၀၀၀ကျော်ရရှိခဲ့သည်။

          ယနေ့ခေတ်"မြန်မာ့တပ်မတော်"သည်လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ၁၉၄၁ ခုနှစ်၊ဒီဇင်ဘာလ၂၇ရက်နေ့တွင်ဗမာ့လွတ်လပ် ရေးတပ်မတော်(Burma Independence Army)(B.I.A)အဖြစ်စတင်သန္ဓေတည်ကာပြည်သူကြားမှပေါက်ဖွားခဲ့သည်။ဗမာ့လွတ်လပ် ရေးတပ်မတော်သည်ထိုင်းနိုင်ငံဗန်ကောက်မြို့တွင်အင်အား၂၀၀ဖြင့်ဖွဲ့စည်းခဲ့ရာအင်အား၅၀၀၀၀အထိတိုးတက်လာခြင်းသည်ပြည်သူများမှပူးပေါင်းပါဝင်ခဲ့သည့်သက်သေအထောက်အထားတစ်ခုဖြစ်သည်။၁၉၆၄ခုနှစ်တွင်တပ်မတော်တပ်မှူးများညီလာခံ၌ပြည်သူ့စစ်မဟာဗျူဟာကိုအကောင်အထည်ဖော်ရန်ဆွေးနွေးခဲ့၏။၁၉ ၆၇ခုနှစ်တွင်၎င်းဗျူဟာကို လက်ခံရေးဆွဲခဲ့သည်။တပ်မတော်၏စစ်စည်းရုံးနိုင်မှုနှင့်ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်မှုစွမ်းရည်များကိုတရုတ်ဖြူကူမင်တန်ကျူးကျော်မှုစစ်တွင်ပြသနိုင်ခဲ့သည်။

            မြန်မာ့တပ်မတော်ဆိုသည်မှာ "ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ တပ်မ တော်(ကြည်း)၊တပ်မတော်(ရေ)နှင့်တပ်မတော်(လေ)ဟူသောတပ်ဖွဲ့ကြီး ၃ခုဖြင့်တရားဝင် ဖွဲ့စည်းထားသောအဖွဲ့အစည်း"ကိုခေါ်ဆိုသည်။၂၀၁၁ခုနှစ်မှစတင်ကာတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏လက်အောက်တွင်တိုက်ရိုက်ထားရှိပြီးကာကွယ်ရေးဝန်ကြီးဌာန အ နေဖြင့်အစိုးရအဖွဲ့နှင့်ပတ်သက်သောတပ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုများပြုလုပ်သည်။မြန်မာ့တပ်မတော်၏အဓိကတာဝန်မှာကာကွယ်ရေးတာဝန်ဖြစ်သည်။တနည်းအားဖြင့်လူမျိုး၊နယ်ပယ်၊အစိုးရ၊အချုပ်အခြာအာဏာဟူသည့်ခက်မကြီး၄ဖြာကိုထိပါးလာသည့်အန္တရာယ်ဟူသမျှတပ်မတော်ကကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ထို့ပြင်မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများကြားတွင်တည်ရှိနေပြီးအရှေ့တောင်အာရှ၌စစ်ရေး၊စီးပွားရေး၊နိုင်ငံရေးကိစ္စရပ်များနှင့်ပတ်သက်၍အရေးပါသည့်ပထဝီအနေအထားတစ်ခုဖြစ်သည်။မျက် မှောက်ကာလတွင်အင်အားကြီးနိုင်ငံအချို့သည်နိုင်ငံတစ်နိုင်ငံကိုသိမ်းပိုက်ရာတွင်သမရိုးကျနည်းဖြစ်သောစစ်ရေးနည်းကိုအသုံးမပြုကြတော့ပေ။နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ဝါဒ ဖြန့်ချိရေးနှင့်သံတမန်ရေးနည်းလည်းများဖြင့်ဘက်စုံစစ်ပွဲအသွင် (Multi Dimensional Warfare)ဖန်တီးနေကြရာအင်အားတောင့်တင်းသည့်တပ်မတော်တစ်ရပ်ကိုတည်ဆောက်ရပေလိမ့် မည်။ "တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်"ဆိုသောစကားအတိုင်းနိုင်ငံသားများ နှင့်တပ်မတော်သည်အပြန်အလှန်အမှီသဟဲပြုလျက်ရှိသည်။နိုင်ငံသားတိုင်းသည်ပြည် ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသောဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသည်။ ထို့ကြောင့်ဒို့တာဝန်၃ပါးထမ်းဆောင်နိုင်ရေး၊စစ်ပညာသင်ကြားရေးနှင့်စစ်မှုထမ်းဆောင် နိုင်ရေးတို့အတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်းအမိန့်ကြော ငြာစာအမှတ်၂၇/၂၀၂၄အားထုတ်ပြန်ခဲ့သည်။အဓိပ္ပါယ်မှာ"၂၀၁၀ပြည့်နှစ်တွင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ဥပဒေအမှတ်၊၂၇/၂၀၁၀ဖြင့်ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည်၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ၁၀ရက်နေ့မှစတင်၍အာဏာတည်စေရမည်"ဖြစ်ကြောင်းယင်းဥပဒေပုဒ်မ၁၊ပုဒ်မခွဲ(ခ)အရသတ်မှတ်လိုက်ခြင်းဖြစ်သည်။၎င်းဥပဒေသည်အသစ်ပြဌာန်းထားခြင်းမဟုတ်ပေ။၁၉၅၉ခုနှစ်ကတည်းကပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက် ထက်တွင်ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့်ပြင်ဆင်ခဲ့ခြင်းဖြစ်ပေသည်။

             ပြည်သူ့စစ်မှုထမ်းဥပဒေတွင်အခန်း(၈)ခန်းပါဝင်ပြီးအခန်း(၁)တွင်စစ်မှုထမ်းရ မည့်အသက်အရွယ်နှင့်ကာလကိုဖော်ပြထားသည်။စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူဆိုသည်မှာအမျိုးသားဖြစ်လျှင်အသက်၁၈နှစ်ပြည့်ပြီး၍အသက်၃၅နှစ်မပြည့်သေးသောနိုင်ငံသားတိုင်းကိုလည်းကောင်း၊အမျိုးသမီးဖြစ်လျှင်အသက်၁၈နှစ်ပြည့်ပြီး၍အသက်၂၇ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်းကိုလည်းကောင်းဆိုလိုသည်။ကျွမ်းကျင်သူအမျိုးသား ဖြစ်လျှင်အသက်၁၈နှစ်ပြည့်ပြီး၍အသက်၃၅နှစ်မပြည့်သေးသောနိုင်ငံသားကိုလည်း ကောင်း၊ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင်အသက်၁၈နှစ်ပြည့်ပြီး၍အသက်၄၅နှစ်မပြည့် သေး သောနိုင်ငံသားကိုလည်းကောင်းဆိုလိုသည်။ကျွမ်းကျင်သူဆိုသည်မှာဆရာဝန်၊အင် ဂျင်နီယာ၊စက်မှုလက်မှုပညာတတ်မြောက်သူသို့မဟုတ်အခြားအတတ်ပညာတစ်ရပ်ရပ် ဖြင့်အသက်မွေးဝမ်းကျောင်းနေသူများကိုဆိုလိုပါသည်။ အခန်း(၂)တွင်စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသောနိုင်ငံသားတိုင်းကို၂၄လထက်မပိုသည့်ကာအပိုင်းအခြားအတွက်ဆင့်ခေါ်နိုင်သည်။တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ်အမှုထမ်းရန်ဆင့် ခေါ်ခြင်းခံရသူများ(ကျွမ်းကျင်သူများ)ကို၃၆လထက်မပိုသည့်ကာလအပိုင်းအခြားအထိ ဆင့်ခေါ်နိုင်သည်။   အခန်း(၃)တွင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့်လုပ် ငန်းတာဝန်များကိုဖော်ပြထားရာဆင့်ခေါ်ရေးအဖွဲ့များအားမြို့နယ်၊ခရိုင်၊ပြည်နယ်တိုင်း ဒေသကြီး၊ဗဟိုအဆင့်ဆင့်ထိဖွဲ့စည်းသွားမည်ဖြစ်သည်။ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှစစ်မှုထမ်းဆောင်ရန်အရွယ်ရောက်သူများစာရင်းကိုမြို့နယ်အဆင့်သို့နှစ်စဉ်ဇန်နဝါရီလ၁ရက်နေ့အရောက်ပေးပို့ရပါမည်။မြို့နယ်အဖွဲ့ကအရည်အချင်းပြည့်မီသူများအားဆင့်ခေါ်ကာမှတ်ပုံတင်ထားရှိပြီးလက်မှတ်ထုတ်ပေးမည်။ဆက်လက်၍လက်မှတ်ရရှိထားသူများကိုဆေးစစ်ရန်ဖိတ်‌ခေါ်ပါမည်။ဆင့်ခေါ်စာကိုသက်ဆိုင်ရာကာယကံရှင်သို့တိုက်ရိုက်ပေးအပ်မှာဖြစ်ပြီး၊မတွေ့ရှိပါကမိသားစုဝင်တစ်ဦးဦးထံသို့သက်သေနှင့်အတူပေးအပ်ပါမည်။အခန်း(၄)တွင်ပြည်သူ့စစ်မှုထမ်းများအတွက်ခံစားခွင့်များကိုဖော်ပြထားသည်။၎င်းအချက်များမှာတပ်မတော်တွင်သတ်မှတ်ထားသည့်အဆင့်အလိုက်လစာနှင့်စရိတ်အတိုင်းခံစားခွင့်ရှိခြင်း၊စစ်မှုထမ်းကာလအတွင်းသေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့လျှင်တာဝန်ဝတ္တရားထမ်းဆောင်ခြင်းနှင့်အကျုံးဝင်ပါကတပ်မတော်တွင်သတ်မှတ်ထားသောခံစားခွင့်များရရှိခြင်း၊ပြည်သူ့စစ်မှုထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသောနိုင်ငံ့ဝန်ထမ်းတစ်ဦးအားယင်းတာဝန်ထမ်းဆောင်နေသည့်ကာလကိုတာဝန်ချိန်အဖြစ်သတ်မှတ်ပေးခြင်း၊တပ်မတော်သို့ဝင်ရောက်အမှုထမ်းလိုပါကသတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းနှင့်အညီစစ်မှုထမ်းခွင့်ပြုခြင်း၊ပါရဂူဘွဲ့ရရှိသူများအသက်မွေးဝမ်းကျောင်းဆိုင်ရာဘွဲ့ရသူများနှင့်အခါအားလျော်စွာသတ်မှတ်သည့်အရည်အချင်းနှင့်ပြည့်စုံသူများကိုပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ခြင်းစသည်တို့ဖြစ်ပါသည်။ အခန်း(၅)တွင်စစ်စည်းရုံးခြင်းကိစ္စရပ်များကိုဖော် ပြထားသည်။အခန်း(၆)တွင်ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုခြင်းကိုဖော်ပြထားရှိရာကင်းလွတ်ခွင့်ရမည့်သူများမှာသာသနာ့ဝန်ထမ်းများ၊အိမ်ထောင်သည်အမျိုးသမီးများ၊ (အိမ်ထောင်ပျက်သော်လည်းသားသမီးရှိသူအမျိုးသမီးများလည်းပါဝင်သည်)ကိုယ်လက်အင်္ဂါတစ်ခုခုအမြဲတမ်းမသန်စွမ်းသူများ၊တပ်မတော်ဆေးစစ်ဘုတ်အဖွဲ့ကပြည်သူ့စစ်မှု ထမ်းရန်အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်းသက်သေခံလက်မှတ်ရရှိထားသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဘုတ်အဖွဲ့ကအမိန့်ထုတ်ပြန်၍ကင်းလွတ်ခွင့်ပြုထားသူများစ သည်တိုဖြစ်ကြပါသည်။အခန်း(၇)တွင်ပြစ်မှုနှင့်ပြစ်ဒဏ်များကိုဖော်ပြထား၏။ အခန်း(၈)တွင်အထွေထွေကိစ္စရပ်များကိုဖော်ပြထားသည်။

              အချုပ်အားဖြင့်ဆိုရသော်မြန်မာနိုင်ငံတွင်"ပြည်သူ့စစ်မှုထမ်းဥပဒေ"ပြဌာန်းခြင်းအားဖြင့်တပ်မတော်၏ကာကွယ်ရေးအင်အား၊ပြည်သူလူထု၏ကာကွယ်ရေးအင်အားနှင့်လုံခြုံရေးဆိုင်ရာအသိစွမ်းရည်များကိုပြသနိုင်မည်ဖြစ်သည်။ယခုလိုပြသနိုင်ခြင်းဖြင့်ပြိုင်ဘက်ရန်သူမှာစစ်နှင့်ယှဉ်ပြိုင်လိုစိတ်များပျောက်ကွယ်သွားပါမည်။ထို့ ပြင်နိုင်ငံတော် လုံခြုံရေးအခြေအနေများအားကြိုတင်သိရှိနိုင်၏။စစ်ဘက်၊အရပ်ဘက်ဆက်ဆံရေးကို လည်းပိုမိုကောင်းမွန်စေသည်။ပြည်သူအားလုံးပါဝင်သည့်စနစ်ကိုဖော်ဆောင်မည်ဖြစ်ရာ နိုင်ငံတော်၏စီးပွားရေးနှင့်ကာကွယ်ရေးတို့တွင်ဟန်ချက်ညီစေသည်။နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသောပြည်သူလူထုတစ်ရပ်လုံးတွင်လည်း တာဝန်ရှိပါသည်။ထို့ကြောင့်"နိုင်ငံတော်ကိုကာကွယ်ဖို့ပြည်သူ့စစ်မှုထမ်းကြစို့"ဟုရေးသားနှိုးဆောက်တိုက်တွန်းလိုက်ရပါတော့သည်။

စိန်ဌေးလှိုင်(ဟိုပုံးမြေ)