JM Free Ebooks - шаблон joomla Форекс

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ် ကြီးများခင်ဗျာ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။
၁။    ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ၏ “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာ အုပ်စု ကွင်းအမှတ်(၇၈၄-က)ပုံတောင်ကွင်း နှင့် (၇၈၇)ပုံတောင်မြောက်ကွင်းရှိ လယ်ယာ မြေများအား အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်း ထားမှုနှင့် လမ်းမတော်၊ ညောင်ပင်လှ၊ ပိန္နဲချောင်းကျေးရွာ၊ ကွင်းအမှတ် (၇၈၆-က)၊ (၇၈၆-ခ)၊ (၇၈၇) ကျောက်တော် တောင်ကွင်းနှင့် ပုံတောင် တောင်ကွင်းမှ ခမရ(၃၇၅)တပ်မြေ အဖြစ် သိမ်းယူခဲ့သည့် လယ်ယာမြေများနှင့် ဥယျာဉ်ခြံမြေများထဲမှ ပိုလျှံမြေ၊ စစ်တပ်နှင့် တစ်ဆက်တစ်စပ်တည်း မရှိသောမြေများကို ပြန်လည် စွန့်လွှတ်ပေးရန်နှင့် မစွန့်လွှတ် နိုင်သည့်မြေယာများကို လျော်ကြေးငွေ ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၏ “ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သိမ်းဆည်းခံ လယ်ယာ မြေများအတွက် ထိုက်သင့်သောလျော်ကြေးရရှိရေး၊ မြေလပ်၊ မြေလွတ်များအား စိစစ်ပြီး ပြည်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ်ရေးနှင့် အမ်းမြို့နယ်အတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ထားမှုတို့ကို ပြည်သူများအား ရှင်းလင်းစွာ ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း၏ “ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာတွင် နေထိုင်သော ဒေသခံတောင်သူ(၄၆)ဦး၏ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုး လုပ်ကိုင်ခဲ့သည့် ယာမြေများအားလုံး ဆုံးရှုံးသွားရပြီး ဒေသခံ ရွာသူရွာသားများ၏ဘဝ အတိဒုက္ခ ရောက်ရှိနေကာ ပြန်လည် စိုက်ပျိုးလုပ်ကိုင်ရန် အတွက် မြေယာများ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ၏ “ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၇-အေ)၊ သာစည်တောင်ကွင်းတွင်ရှိသည့် မြေဧက (၇၃.၅၆) ဧကအား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)မှ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်း ခိုအောင်း လှုပ်ရှားနေသော ကသည်းသူပုန်များအား ရှင်းလင်းဖယ်ရှားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

Page 1 of 3