လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
-    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် ၏ “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတော ကျေးရွာအုပ်စု၊ မောင်သာကုန်းကျေးရွာရှိ လယ်သမား (၆)ဦးပိုင် လယ်ယာမြေ (ကွင်းအမှတ်-၈၈၉ ဂျီ)ကို မြောက်ဦး အခြေစိုက်အမှတ်(၃၇၈) ခြေမြန် တပ်ရင်းက သိမ်းဆည်းထားမှုကို မူလပိုင်ရှင်လယ်သမား များထံသို့ တရားဝင်ပြန်လည် လွှဲပြောင်း ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

ကိုယ်စားလှယ်တော်ကြီးများအားလုံး ကျန်းမာချမ်းသာ ကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ စိတ်ချမ်းသာမှုနှင့် ပြည့်စုံကြပါစေလို့ ဦးစွာမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင် တင်သွင်းသည့် “မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ရခိုင်ပြည်နယ် အတွင်း ယခုတလော တစ်ကျော့ပြန်ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီးAA လက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေး ပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ဝင် အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။