JM Free Ebooks - шаблон joomla Форекс

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း  ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါသည်။
၁။    ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်ရုံးမှ  ပေးပို့သော ၂၀၁၉ ခုနှစ်  ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ  အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခွဲဝေ သုံးစွဲမည့် ကျပ်(၃၁၈.၀၆၆)သန်းအား ပြည်ထောင်စုလွှတ်တော်ကမှတ်တမ်းတင် အတည်ပြု ပေးနိုင်ရေး ရှင်းလင်းတင်ပြ သွားမှာဖြစ်ပါတယ်။ Power Point ဖြင့် ရှင်းလင်းတင်ပြ ခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်  လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အားလုံးမင်္ဂလာပါ
ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုကို ဦးစွာအကျဉ်းချုပ် တင်ပြမှာဖြစ်ပါတယ်။

၁။    ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် -
       (က)    အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရန်။
       (ခ)    ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
       (ဂ)    နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော် တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍ များတွင် ပါဝင်ဆောင်ရွက်သွားစေရန်စသည့် ရည်မှန်းချက် တာဝန်များ အပေါ်အခြေခံ၍       တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက် နှစ်ရှည် စီမံကိန်းများကို ရေးဆွဲထားပါတယ်။

၁။    လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်း ဆက်သအပ် ပါတယ်။ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ  အရ အသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ်(၃၆၄.၉၂၈) သန်း အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရေး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

Page 2 of 2