၂။ အမှတ်(၁၀၀၁)နယ်ခြားစောင့် တပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ ချီဖွေမြို့နယ်၊ ဂန့်ဂွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (OSS-ဂန့်ဂွင်း) ၊ ဦးပိုင် အမှတ်(၁)ရှိ မြေလွတ်မြေရိုင်း ၉၇၀ ဧကအား မြေနှင့် အခွန်ဆင့်ဆိုချက် (၃၃၃)အရ တပ်ပိုင်မြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်စွဲပါစာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် အခမဲ့ လွှဲပြောင်း လက်ခံ ရရှိခဲ့ပါတယ်။
၃။ တပ်မြေသိမ်းဆည်းရာတွင်ပါဝင်ခဲ့သည့် လယ်ယာမြေများအား ဒေသန္တရ ပေါက်စျေးဖြင့် ပေးလျော်နိုင်ရေးအတွက် အသေးစိတ်တွက်ချက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လယ်မြေ ၅၄.၇၀ ဧက နှင့် နှစ်ရှည် ၁.၅၀ ဧက ဖြစ်နေသည့်အတွက် ကွဲလွဲမှုအား သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၊ အမှတ်(၁၀၀၁)နယ်ခြားစောင့်တပ်နှင့် ယခင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း ၏ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင် တို့ ညှိနှိုင်းအတည်ပြုတင်ပြစေခဲ့ရာ ၎င်းတို့မှ တပ်ပိုင်မြေအတွင်း ပါဝင်ခဲ့သည့် တောင်သူ ၂၂ ဦး၏ လယ်မြေဧရိယာ ၃၀.၇၀ ဧကနှင့် ဥယျာဉ်ခြံမြေ ဧရိယာ ၁.၅၀ဧက ၊ စုစုပေါင်း ၃၂.၂၀ ဧက အတွက် လျော်ကြေးငွေ ၅၉,၇၆၀,၈၀၀ ကျပ်အား ပေးလျော်ခဲ့ပြီး ဖြစ်သော်လည်း ချီဖွေမြို့နယ် မြေစာရင်းဦးစီးဌာနမှ မှားယွင်း တိုင်းတာတွက်ချက်ခဲ့မှုကြောင့် တောင်သူ ၂၁ ဦး၏ လယ်မြေဧရိယာ ၂၄ ဧကအား ထပ်မံပေးချေရန် ကျန်ရှှိကြောင်း စိစစ်တွေ့ရှိရပါတယ်။
၄။ သို့ဖြစ်ပါ၍ တောင်သူ ၂၂ ဦးအား လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီး ဖြစ်သော်လည်း မြို့နယ်မြေစာရင်းဦးစီးဌာန၏ မှားယွင်းတွက်ချက်မှုအရ လျော်ကြေး ပေးချေရန် ကျန်ရှိခဲ့သော တောင်သူ ၂၁ဦး၏ လယ်မြေဧရိယာ ၂၄ ဧကသည် တပ်၏ လျာထားအဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်းမရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သိမ်းဆည်းခြံကာထားပြီး ဧရိယာ၏ ပြင်ပကျန် လယ်မြေနှင့် ယာမြေများကို ဆက်လက်သိမ်းဆည်းရန်မရှိကြောင်း ဒေသခံတောင်သူ များအား အသိပေးရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
၅။ အားလုံးကို ကျေးဇူးတင်ပါတယ်။