လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ “လှိုင်မြို့နယ်၊ မြို့နယ်အားကစားရုံအား မြို့နယ်နေ ပြည်သူများ ပြန်လည်အသုံးပြုခွင့်ရရှိရေး ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ ” ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

    လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏“သံတွဲမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာသားများထံမှ ၂၀၀၀ ပြည့်နှစ်က သိမ်းယူခဲ့သည့် အိမ်ရာမြေနှင့် ဥယျာဉ်မြေ(၃၅.၅၃)ဧကကို သိမ်းဆည်းစဉ်က အကြောင်းပြခဲ့သည့်အတိုင်း အသုံးမပြုခဲ့သည့်အတွက် ပြန်လည်သိမ်းဆည်းသင့်သော်လည်း၊ ဟိုတယ်ကြီးများ ဆောက်လုပ်အသုံးပြုလျက်ရှိရာ ထိုမြေများကို မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန် မဖြစ်နိုင်ခြင်းကြောင့် ခေတ်ကာလနှင့်လျော်ညီသော နစ်နာကြေးများကို မူလပိုင်ရှင်များသို့ ပေးသင့်သည်မှာ မှန်ပါသလား၊ ထိုက်သင့်သည့် နစ်နာကြေးများကို ပေးမည်ဆိုပါက မည်သည့်အချိန်တွင် မည်သည့်အစီအစဉ်များဖြင့် ပေးပါမည်ကိုသိလိုခြင်း”ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ 

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိုင်း၏ “မိုင်းကိုင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ စိုင်းလုံခမ်း၏ လယ်မြေ (၁.၃၈)ဧကနှင့် ပန်ကတ် အနောက်ကွင်းမှ ဦးစိုင်းဆိုင်(ခ)အိုက်စိုင်း၏ လယ်မြေ(၈.၅၆)ဧက တို့အား အမှတ်(၅၁၄) ခြေမြန်တပ်ရင်းမှ သိမ်းဆည်းခဲ့မှုအပေါ် ၎င်းတို့ ပိုင်ဆိုင် လုပ်ကိုင်ခဲ့သော သိမ်းဆည်းခံလယ်မြေများအတွက်  နစ်နာကြေးအားမည်ကဲ့သို့ စီစဉ်ထောက်ပံ့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်း တင်ပြ သွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦး၏“ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းတုံမြို့နယ်ရှိ သွားလာရန်ခက်ခဲသော လမ်းပိုင်းများနှင့် အဆင့်ဆင့်သော ဂိတ်များကြောင့် အချိန်ကြန့်ကြာမှု မရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် သံလွင်မြစ်ကူး ကြိုးတံတားဂိတ်နှင့် အမှတ် (၂၉၄)တပ်ရင်းဂိတ် တို့အား နံနက်(၆)နာရီ ည(၆)နာရီအစား ည(၈)နာရီအထိ အချိန် တိုးမြှင့်၍ ဖြတ်သန်းသွားလာခွင့်ပြုနိုင်ခြင်းရှိ/မရှိ”ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော် ၏“ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုးဆာဖျူရစ်အက်စစ် စက်ရုံလည်ပတ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ် ဖြစ်စေ၍ ဒေသခံ ပြည်သူများမှ စက်ရုံကို လွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုထားမှုအပေါ် အဆိုပါ စက်ရုံကို ပြောင်းရွှေ့ပေးရန်  အစီအစဉ် ရှိ/မရှိ”ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။