JM Free Ebooks - шаблон joomla Форекс

ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာြခင်းနှင့် ပြည့်စုံကြပါစေ။ လတ်တလောကြုံတွေ့နေရတဲ့ COVID ဘေးမှလည်း ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
၁။    မေလ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့် မေးမြန်းထားတဲ့ အချက်များကို ပြန်လည်ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်။ ပထမအချက်အနေဖြင့် သာမန်အသုံးစရိတ်လျာထားချက် ထက်ပိုမိုတောင်းခံခြင်း ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ အမှုထမ်းပို့ဆောင်ရေးခေါင်းစဉ်အောက်မှ ဖြည့်စွက်တောင်းခံငွေ ကျပ် ၂၁.၉၅၅ ဘီလီယံ နှင့် ပတ်သက်၍ ယင်းတောင်းခံငွေများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် စစ်ဆင်ရေးအထူးနေ့တွက်စရိတ် နှုန်းထား ပြောင်းလဲခြင်းကြောင့် ထပ်မံလိုအပ်ငွေကို ဖြည့်စွက်တောင်းခံခြင်း ပါဝင်ပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေလ ၁ ရက် နေ့မှစ၍ တာဝန်ဖြင့် ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးသွားနေ့တွက်စရိတ်နှုန်းကို ကျပ် ၃၀၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျားအားလုံး မင်္ဂလာပါကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်မှုကို ဦးစွာ အကျဉ်းချုပ်တင်ပြမှာ ဖြစ်ပါတယ်။
၁။    ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် -
    (၁)    အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော် တည်ဆောက်ရန်။
    (၂)    ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
    (၃)    နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍ များတွင် ပါဝင်ဆောင်ရွက်သွားစေရန်။
စသည့် ရည်မှန်းချက်တာဝန်များအပေါ်အခြေခံ၍     တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက် နှစ်ရှည်စီမံကိန်းများကို ရေးဆွဲထားပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျားအားလုံး မင်္ဂလာပါကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုကို ဦးစွာအကျဉ်းချုပ်တင်ပြမှာ ဖြစ်ပါတယ်။
၁။    ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) တပ်ဖွဲ့များကို (Standard Army, Standard Navy, Standard Air Force) ဖြစ်လာစေရန်အတွက်-
    (၁)    အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရန်။
    (၂)    ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်။
    (၃)    နိုင်ငံတော်၏ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရေးတွင် ပြည်သူတစ်ရပ်လုံးက တပ်မတော်ကို မဏ္ဍိုင်ပြု၍ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သွားစေရန်။
စသည့် ရည်မှန်းချက်များအပေါ်အခြေခံ၍ နှစ်ရှည်စီမံကိန်းများကို ရေးဆွဲထားပါတယ်။

Page 1 of 16