JM Free Ebooks - шаблон joomla Форекс

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီး နှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီး ဌာနအနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ်(၃၁၀၄.၅၂၄)သန်း အား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးနိုင်ရေး ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
၁။    ၂၀၁၆ခုနှစ်၊ ဧပြီလနှင့် မေလအတွင်းဖြစ်ပေါ်ခဲ့သော သဘာ၀ဘေးဒဏ်များ (မိုးသီးကြွေ၊ လေပြင်းတိုက်၊ ငလျင်လှုပ်ခတ်မှု)ကြောင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ)နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့(၃၂၁)တပ်တွင် အဆောက်အဦ(၁၁၅၉)လုံးနှင့် ဆက်စပ်လုပ်ငန်း (၄၆၀)ခု ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါသည်။ ပျက်စီးမှုအသေးစိတ်အနေဖြင့် -

    လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။  ပေါက်တော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ၏ “ပေါက်တောမြို့နယ်၊ သစ်ပုတ်ကျေးရွာ လယ်သမားများပိုင် လယ်မြေ(၁၅၂)ဧကကို စစ်တွေမြို့ အခြေစိုက် ခြေလျင် တပ်ရင်း(၃၅၄)မှ သိမ်းယူ ထားသည်ကို သက်ဆိုင်ရာ လယ်သမားများထံ ပြန်လည်ပေးအပ်နိုင်ခြင်း ရှိ/မရှိ၊ ရှိလျှင် မည်သည့် အချိန်ကာလတွင် ပြန်လည်ပေးအပ်ပါမည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ နမ္မတူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး ၏ “မိုင်းနှင့်ပေါက်ကွဲအား ပြင်းသော လက်နက်ခဲယမ်း”များကို လက်နက်ကိုင်များ တွင်ကျယ်စွာ အသုံးပြုနေမှု တို့ကြောင့် အပြစ်မဲ့ ပြည်သူများနှင့် သက်ရှိသက်မဲ့များ ပျက်စီးဆုံးရှုံးနေခြင်းနှင့် ပြည်သူလူထုတို့၏ ဘဝလုံခြုံမှု မရှိဘဲ ဖြစ်နေခြင်းတို့ကို သက်ဆိုင်ရာမှ မည်သို့ ကူညီပေးနေသည်၊ မိုင်းပေါက်ကွဲမှုများသော ဒေသများတွင် မိုင်းအန္တရာယ် ကာကွယ်နိုင်ရန် ပြည်သူများကို မည်သို့ စီစဉ် ဆောင်ရွက် ပေးနေသည်နှင့် မိုင်းနှင့် ပေါက်ကွဲအား ပြင်းသော လက်နက်များ အသုံးပြုမှု လျော့နည်း သွားစေရန် မည်သို့ စီမံဆောင်ရွက်ထားသည်တို့ကို သိရှိလိုခြင်း”ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။