JM Free Ebooks - шаблон joomla Форекс

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော် ၏“ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုးဆာဖျူရစ်အက်စစ် စက်ရုံလည်ပတ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ် ဖြစ်စေ၍ ဒေသခံ ပြည်သူများမှ စက်ရုံကို လွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုထားမှုအပေါ် အဆိုပါ စက်ရုံကို ပြောင်းရွှေ့ပေးရန်  အစီအစဉ် ရှိ/မရှိ”ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း ၏ “ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်ရှိ မြေကွက်အမှတ် (၂၈)၊ ဦးပိုင်အမှတ်(၅၈)၊ ဧရိယာ (၀.၀၉၄)ဧကရှိ မြေကွက်ပေါ်တွင် ဆောက်လုပ်ခဲ့သော မြို့နယ် မော်တော်ယာဉ် အသင်းပိုင် အဆောက်အဦအား ဗန်းမော်မြို့နယ် မော်တော်ယာဉ် အသင်းအဖွဲ့ထံ ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့် ပေးအပ်ပါက မည်သည့် အချိန်၊ မည်သည့်နှစ်တွင် ပေးအပ်မည် ဖြစ်ပြီး၊ မပေးအပ်နိုင်ပါက အဘယ်ကြောင့် မပေးအပ် နိုင်သည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်၏“ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဇင်းခါးရှည် ကျေးရွာ၊ ချောင်းသားမြောက်ကွင်း၊ ကွင်းအမှတ် ၈၄၇(A) တွင် ရှိသည့် လယ်မြေ(၁၅) ဧကကို ကာကွယ်ရေးဝန်ကြီးဌာန၊ သိမ်းဆည်း မြေအဖြစ်မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။