JM Free Ebooks - шаблон joomla Форекс

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်   ကိုယ်စားလှယ်  ဦးစိုင်းထွန်းအောင် ၏“ရှမ်းပြည်နယ် တောင်ပိုင်း၊  လွိုင်လင်ခရိုင်၊ လဲချား မြို့နယ်အတွင်းရှိ  အမှတ်(၅၁၅)ခြေမြန်တပ်ရင်း တပ်ပိုင်နယ်မြေအဖြစ် သိမ်းဆည်းရာတွင် ပါဝင်သွားသော လဲချားမြို့နယ်နှင့် ကျေးရွာအုပ်စု (၅)အုပ်စုချင်းဆက် ကျောက်ချောလမ်းနှင့် လမ်းနယ်မြများအား ကျေးလက်နေပြည်သူများသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။    မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ မွန်ပြည်နယ်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၏ “သံဖြူဇရပ်မြို့ရှိ ရွှေဖြူရတနာအမည်ရ တပ်ပိုင်ဂေါက်ကွင်းကို နိုင်ငံပိုင် အများပြည်သူ ဂေါက်သီး အားကစားကွင်းအဖြစ် စွန့်လွှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြ သွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများခင်ဗျား-
၁။  မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သ နှုတ်ခွန်း ဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်၏ “ကျေးသီး မြို့နယ်အတွင်းရှိ အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်ကုံးရေကန် ရေဝေရေလဲဧရိယာ ၃၁ ဧက နှင့် တောင်သူများ၏ စိုက်ခင်း ၁၆၅ ဧကအား အများပြည်သူ လူထုပိုင်အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်ကာလ၌ စွန့်လွှတ် ပေးမည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။