လိုက်နာကြစေပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အရန်စစ်မှုထမ်းဥပဒေ

 

လိုက်နာကြစေပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အရန်စစ်မှုထမ်းဥပဒေ

စာရေးသူတိုနေထိုင်ရာနိုင်ငံကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟုခေါ်ဆိုပါသည်။ ပြည်ထောင်စုဆိုသည်မှာနိုင်ငံတစ်နိုင်ငံအတွင်းမှီတင်းနေထိုင်ကြကုန်သောလူမျိုးအသီးသီးတို့သည်သမိုင်းအစဉ်အဆက်ဥမကွဲသိုက်မပျက်နေထိုင်ခြင်းကိုခေါ်ဆိုသည်။သမ္မတဟူသည်နိုင်ငံတော်၏ အကြီးအကဲကိုခေါ်ဆို၏။မြန်မာအဘိဓာန်တွင် "မြန်" ဆိုသောစကားမှာအလုပ်တစ်ခုကိုပြီးစီးအောင်ဇဝနဉာဏ်၊တင်္ခနုပတ္တိဉာဏ်တို့ဖြင့်လျင်မြန်စွာကြံစည်တတ်သောသတ္တိဂုဏ်နှင့်ပြည့်စုံခြင်းကိုခေါ်ဆိုသည်။ "မာ"ဆိုသည် ကား မည်သည့်အရာမဆိုဆန္ဒ၊အာအာဿီသနှလုံးသွင်းသည့်အတိုင်းပေါက်မြောက်အောင်မလျော့သောလုံ့လ၊ဝိရိယ၊ဇာတိသွေးဇာတိမာန်ခက်ထန်တင်းမာသောစိတ်ရင်းသတ္တိနှင့်ပြည့်စုံခြင်းကိုခေါ်ဆိုသည်။ထို့ကြောင့်မြန်မာဆိုသည်မှာလျင်မြန်စွာကြံစည်တတ်ပြီးဇာတိသွေး၊ဇာတိမာန်ရှိသောလူမျိုးဖြစ်သည်။မြန်မာဆိုသည်မှာတိုင်းရင်းသားအားလုံးကိုခေါ်ဆိုခြင်း၊နိုင်ငံကိုအုပ်ချုပ်သောအကြီးအကဲရှိခြင်းနှင့်လူမျိုးအသီးသီးမှာလည်းဇာတိသွေးဇာတိမာန်ရှိကြခြင်းကြောင့်ကောင်းသောစံချိန်စံညွှန်း၃ရပ်ဖြင့်ပြည့်စုံနေပေသည်။

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊ပုဒ်မ၃၈၅တွင် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏လွတ်လပ်ရေးအချုပ်အခြာအချုပ်အခြာအာဏာနှင့်နယ် မြေတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရေးသည်နိုင်ငံသားတိုင်း ၏ တာဝန်ဖြစ်သည်ဟုဖော်ပြပါရှိပါသည်။ လွတ်လွပ်ရေးဆိုသည်မှာလူတစ်ဦး၏ယုံကြည် ချက်၊ထင် မြင်ယူဆချက်၊လုပ်ရပ်တို့ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်လုပ်ကိုင်ခွင့်ကိုခေါ်ဆို၏။ အချုပ်အခြာအာဏာဆိုသည်မှာတိုင်းပြည်တစ်ခုကိုစည်းကမ်းနည်းလမ်းကျစွာဖြင့်မောင်းနှင်ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ပြည်သူတို့၏အကျိုးစီးပွားတိုးတက်မှုကိုကာကွယ်ရန်အတွက်လည်းကောင်းလိုအပ်သည့်အာဏာမျိုးဖြစ်သည်။အချုပ်အခြာအာဏာပိုင်ခြင်းသည်လွတ်လပ်သောတိုင်းပြည်တစ်ပြည်၏အဓိကဝိသေသလက္ခဏာတစ်ရပ်ဖြစ်သည်။ထို့ကြောင့်လွပ်လတ်ရေးနှင့်အချုပ်အခြာအာဏာကိုလက်ရှိကာကွယ်ရမည့်အပြင်ရေရှည်တည်တံ့အောင်ဆောင်ရွက်ရမည်မှာနိုင်ငံသားတိုင်း၏မွေးရာပါတာဝန်ဖြစ်သည်။ထို့ပြင်၎င်းဥပဒေ၏ပုဒ်မ၃၈၆တွင် နိုင်ငံသားတိုင်းသည်ဥပဒေပြဌာန်းချက်များနှင့်အညီစစ်ပညာ သင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန်တာဝန်ရှိသည် ဟုလည်းသတ်မှတ်ထားသည်။ဥပဒေဆိုဟူသည်သားလူအချင်းချင်းပေါင်းသင်းဆက်ဆံရာတွင်တ ရားမျှတမှုရှိစေရန်နှင့်အကွပ်အကဲအထိန်းအကျောင်းသဖွယ်ဖြစ်စေရန်အုပ်ချုပ်သူအစိုးရကသတ်မှတ်ပြဌာန်းထားသောစည်းကမ်းပင်ဖြစ်သည်။ "သစ်ပင်မှန်လျှင်အမြစ်နှင့် တိုင်းပြည်မှန်လျှင်စစ်နှင့်"ဆိုသောစကားအရမည်သည့်နိုင်ငံပင်ဖြစ်စေကာမူ "စစ်"နှင့် မကင်းကြပေ။စစ်နှင့်မကင်းသည့်အတွက်နိုင်ငံသူနိုင်ငံသားများမှာစစ်ပညာကိုတတ် မြောက်ကာနိုင်ငံတော်ကာကွယ်ရေးတွင်ပါဝင်ရပေမည်။နိုင်ငံတော်ကာကွယ်ရေးအတွက်ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင်တပ်မတော်ဆိုသည်မှာဖွဲ့စည်းထားမြဲဖြစ်သည်။

ယနေ့ခေတ်မြန်မာ့တပ်မတော်တွင်အဓိကလုပ်ငန်းကြီး၃ခုချမှတ်ထားပါသည်။ ၎င်းတို့မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်၊လေ့ကျင့်ရေးတာဝန်နှင့်ပြည်သူ့အကျိုးပြုလုပ် ငန်းတာဝန်များဖြစ်ကြသည်။အတိတ်သမိုင်းတွင်တိုင်းပြည်၏အချုပ်အခြာအာဏာဆုံးရှုံးရမည့်အခြေအနေကိုရောက်ရှိတိုင်းတပ်မတော်ကကာကွယ်စောင့်ရှောက်ခဲ့ရသည်။လွတ်လပ်ရေးရရှိပြီးစကာလတွင်ရောင်စုံသူပုန်သောင်းကျန်းမှုများပေါ်ပေါက်ခဲ့သည်။အာဏာရဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)အစိုးရ၏ တောင်း ဆိုချက်အရတပ်မတော်သည်၁၉၅၈ခုနှစ်တွင်နိုင်ငံတော်၏အုပ်ချုပ်ရေးကိုလွှဲပြောင်းရယူ၍အိမ်စောင့်အစိုးရအဖြစ်တာဝန်ယူခဲ့၏။၁၉၆၂ခုနှစ်တွင်ပါတီတွင်းအုပ်စုဖွဲ့မှုနှင့်ပြည်တွင်းသောင်းကျန်းမှုများပေါ်ပေါက်လာပြန်ရာတပ်မတော်သည်တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီးနိုင်ငံတော်၏အုပ်ချုပ်ရေးကိုဆောင်ရွက်ခဲ့ရသည်။၁၉၈၈ခုနှစ်တွင်ပြည် တွင်းပြည်ပအဖျက်သမားများကနိုင်ငံတော်ပြိုကွဲအောင်လုပ်ဆောင်ခဲ့ရာနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကိုဖွဲ့စည်းပြီးနိုင်ငံတော်၏အာဏာကိုမလွှဲမရှောင်သာဘဲထိန်းသိမ်းခဲ့ရ၏။၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင်ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့်မဲစာရင်းထုတ်ပြန်မှုအပိုင်းတွင်ပွင့်လင်းမြင် သာမှုမရှိခဲ့ရာတပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှမဲစာရင်းတွေ့ရှိချက်များကိုစာရင်းဇယားများဖြင့်စနစ်တကျထုတ်ပြန်ခဲ့သည်။နောက်ဆုံးအချိန်ထုတ်ပြန်ချက်အရမဲမသာမှုပြုနိုင်သည့်မဲစာရင်းပေါင်း၁၀၄၈ ၂ ၁၁၆(၁၀သန်းကျော်)တွေ့ရှိခဲ့ရ၏။အုပ်ချုပ်ခဲ့သည့်အစိုးရအနေဖြင့်မသိကျိုးကျွန်ပြုကာအများပြည်သူတို့၏ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုဖျက်ဆီးခဲ့သည်။ထို့ကြောင့်ယာယီသမ္မတဦးမြင့်ဆွေကဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)၊အခန်း(၁၁)အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ၊ပုဒ်မ၄၁၇အရနိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာ၍တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပုဒ်မ(၄၁၈)၊ပုဒ်မခွဲ(က)အရနိုင်ငံတော်၏ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများကိုလွှဲအပ်တာဝန်ပေးခဲ့သည်။

စာရေးသူတို့နိုင်ငံ၏လက်ရှိကာလတွေ့ကြုံနေရသောပြည်တွင်းရေးမငြိမ်သက်မှုနှင့်စစ်ပွဲများဖြစ်နေရခြင်းမှာပြည်ပနိုင်ငံအချို့၏သွေးထိုးနှောင့်ယှက်မှုများပါဝင်ပတ်သက်လျက်ရှိသည်။ထို့ပြင်လက်နက်ကိုင်အုပ်စုတို့မှလည်း၎င်းတို့၏လူမျိုးရေး၊စီးပွားရေး၊ပြည်နယ်အရေးစသည်ဖြင့်အယောင်အဆောင်အကြောင်းအမျိုးမျိုးပြကာဆူပူသောင်းကျန်းလျက်ရှိပေသည်။ပြည်သူတို့မှာလည်းအေးချမ်းစွာနေထိုင်လိုကြသည်။အနာဂတ်နိုင်ငံတော်၏ကံကြမ္မာသည်ပြည်သူတို့လက်ထဲတွင်ရှိသည်။တိုင်းပြည်တစ်ခုရေရှည်တည်တံ့ရန်အတွက်ကာကွယ်ရေးစွမ်းအားစုများကောင်းမွန်နေစေရန်အလွန်အရေးကြီးသည်။ကာကွယ်ရေးစွမ်းအားစုများကိုမြန်မာ့တပ်မတော်မှဦးဆောင်လျက်ရှိရာအင်အားတောင့်တင်းနေရမည်မှာပကတိအမှန်တရားဖြစ်ပေသည်။ထို့ကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ ၁၀ရက်နေ့တွင်စတင်၍ အာ ဏာတည်စေရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံတွင်ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်းမှာပြည်ပအန္တရာယ်ကာကွယ်ခြင်း၊စစ်မှုထမ်းစေခြင်းနှင့်တပ်မတော်အင်အားတိုးတက်ရေးတို့အတွက်သာမကပြည်ထောင်စု၊မပြုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသောဒို့တာဝန်အရေးသုံးပါးအတွက်လည်းဖြစ်သည်။ထို့ပြင်လက်ရှိနိုင်ငံ့အခြေအနေကြောင့်သာမဟုတ်ဘဲအနာဂတ်ဒီမိုကရေစီစနစ်ကိုလက်တွေ့အကောင်အထည်ဖော်ဆောင်မည့်အစိုးရများအတွက်ချမှတ်ပေးသည့်ရေရှည်စီမံကိန်းတစ်ခုဖြစ်သည်။ပထဝီနိုင်ငံရေးနှင့်ကမ္ဘာ့အခြေ အနေအကြောင်းအရာများကြောင့်ထိုဥပဒေကိုမဖြစ်မနေပြဌာန်းရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏၂၀၁၉ခုနှစ်ကြားဖြတ်သန်း ခေါင်စာရင်းတွင်ယခုပြဌာန်းသော စစ်မှုထမ်းဥပဒေ၌အကျုံးဝင်နိုင်သည့်လူဦးရေမှာအမျိူးသား၆ဒဿမ၃သန်း၊အ မျိုးသမီး ၇ဒဿမ၇သန်းနီးပါးရှိရာတစ်ပြိုင်တည်းစစ်မှုထမ်းရမည်မဟုတ်ပေ။ဥပမာအနေဖြင့်အမျိုးသား၆ဒဿမ၃သန်းအားတစ်ရာခိုင်နှုန်းအချိုးဖြင့်တွက်လျှင်၆၃၀၀၀ဦးရှိပြီဖြစ်ရာတစ်ကြိမ်ခေါ်ယူရုံဖြင့်ပင်ထိုအရေအတွက်မှာမလိုအပ်ပေ။မြန်မာနိုင်ငံတွင်ရပ်ကွက်ကျေးရွာပေါင်း၆၀၀၀၀ကျော်ရှိရာရပ်ကွက်တစ်ခုတွင်စစ်မှုထမ်းရမည့်ဦးရေမှာတစ်ဦးသို့မ ဟုတ်နှစ်ဦး ထက်မပိုနိုင်ပေ။ပြည်သူ့စစ်မှုထမ်းဥပဒေသည်လူငယ်လူရွယ်အားလုံးအတွက်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုတတ်သိစေရန်ရည်ရွယ်သည်။စစ်သင်တန်းများပြီးဆုံးပါကမိမိတို့ဒေသရှိလုံခြုံရေးဆိုင်ရာတပ်ဖွဲ့များတွင်တာဝန်ထမ်းဆောင်ရေးအထိရည်ရွယ်ထားကြောင်းလေ့လာသိရှိရသည်။

စစ်မှုထမ်းဆောင်မည့်ပြည်သူများသည်ချက်ခြင်းလက်ငင်းထမ်းဆောင်ရမည်မဟုတ်ဘဲအဆင့်မြင့်စစ်ပညာကိုအပြည့်အဝသင်ကြားပြီးမှသာထမ်းဆောင်ရမည်ဖြစ် သည်။သန္ဓေစစ်သည်များနှင့်တူညီသောရာထူးအဆင့်၊လစာ၊ရိက္ခာ၊စစ်ဝတ်၊နေထိုင်တန်းလျားစသည်များနှင့်လေ့ကျင့်ခြင်းများကိုဆောင်ရွက်ပေးပါမည်။၎င်းကိစ္စရပ်များအတွက်ကုန်ကျမှုကိုနိုင်ငံတော်ဘတ်ဂျက်မှအသုံးပြုခြင်းဖြစ်သည်။ပြည်သူ့စစ်မှုထမ်းဥပဒေ၏ပုဒ်မ(၂၂)တွင်ကင်းလွတ်ခွင့်ရရှိသူများကိုဖာ်ပြထားရာသာသနာ့ဝန်ထမ်းများ၊အိမ် ထောင် သည်အ မျိုးသမီးများ၊(အိမ်ထောင်ပျက်သော်လည်းသားသမီးရှိသူအ မျိုးသမီးများလည်း ပါဝင်သည်)ကိုယ်လက်အင်္ဂါတစ်ခုခုအမြဲတမ်းမသန်စွမ်းသူများ၊တပ်မတော်ဆေးစစ်ဘုတ်အဖွဲ့ကပြည်သူ့စစ်မှုထမ်းရန်အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်းသက်သေခံလက်မှတ်ရရှိထားသူများ၊ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဘုတ်အဖွဲ့ကအမိန့်ထုတ်ပြန်၍ ကင်း လွတ် ခွင့်ပြုထားသူများစသည်တို့ဖြစ်ကြသည်။သတ်မှတ်ချက်နှင့်အကျုံးဝင်သည့်ကျောင်းသားကျောင်းသူများ၊အစိုးရဝန်ထမ်းများနှင့်မိအိုဖအိုတို့ကိုပြုစုလုပ်ကျွေးနေသူများစသူတို့အတွက်ပုဒ်မ၁၅အရယာယီရွှေ့ဆိုင်းခွင့်ရရှိပါသည်။သို့သော်၎င်းတို့၏လုပ်ငန်းကိစ္စများပြီးဆုံးချိန်တွင်အချိုးကျစနစ်ဖြင့်ပြည်သူ့စစ်တာ ဝန်ကိုထမ်းဆောင်ရပါမည်။ထိုအကြောင်း အချက်နှင့်ပတ်သက်၍ကာကွယ်ရေးဝန်ကြီးဌာနမှလိုအပ်သည့်နည်းဥပဒေများ၊အမိန့်များ၊ကြော်ငြာစာများကိုထုတ်ပြန်သွားမည်ဖြစ်ကြောင်းမှတ်သာားသိရှိရသည်။

နိုင်ငံတကာတွင်ပြည်သူ့စစ်မှုထမ်းဥပဒေသို့မဟုတ်အမျိုးသားစစ်မှုထမ်းစနစ် (National Service)အားမူဝါဒအမျိုးမျိုးဖြင့်လုပ်ဆောင်လျက်ရှိသည်။အဓိက အားဖြင့် မိမိနိုင်ငံကိုရန်သူများကပစ်မှတ်ထားတိုက်ခိုက်ခံရသည့်ကာလနှင့်နိုင်ငံတော်လုံခြုံရေးတွက်အမြဲလိုလိုစိုးရိမ်နေရသည့်ကာလများတွင်စစ်မှုထမ်းဥပဒေကိုပြဌာန်းလေ့ရှိကြသည်။အသက်အရွယ်၊ကျားမ၊တာဝန်ထမ်းဆောင်ရမည့်ကာလတို့မှာတစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီကြပေ။အာရှဒေသတွင်ထိုင်းနိုင်ငံ၊လာအိုနိုင်ငံ၊စင်္ကာပူနိုင်ငံ ၊ဗီယက်နမ်နိုင်ငံ၊ တောင် ကိုရီးယားနိုင်ငံ၊ကမ္ဘောဒီးယားနိုင်ငံ၊မြောက်ကိုရီးယားနိုင်ငံနှင့်ထိုင်ဝမ်နိုင်ငံတို့တွင်စစ်မှုထမ်းဥပဒေကိုကျင့်သုံးလျက်ရှိသည်။ရုရှားနိုင်ငံသည်စစ်မှုထမ်းဥပဒေကိုကျင့်သုံးလျက်ရှိသည်။ကမ္ဘာပေါ်တွင်ပြစ်မှုအနည်းဆုံးနှင့်အေးချမ်းမှုအရှိဆုံးနိုင်ငံဟုခေါ်ဆိ်သည့်နော်ဝေနိုင်ငံတွင်လည်းအသက်၁၉နှစ်မှ၄၄နှစ်အတွင်းရှိအမျိုးသားအမျိုးသမီးအားလုံးကို၁၉လကြာစစ်မှုထမ်းရမည်ဟုသတ်မှတ်ထား၏။အင်အားကြီးနိုင်ငံများဖြစ်သောအမေရိကန်နှင့်တရုတ်နိုင်ငံတို့တွင်စစ်မှုထမ်းဥပဒေကိုလက်တွေ့ကျင့်သုံးမှုမရှိသော်လည်းပြ ဌာန်းပြီးဖြစ် ပေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ပါတပ်မတော်၏အခန်းကဏ္ဍတွင် တပ်မတော်သည်နိုင်ငံတော်ကာ ကွယ်ရေးအတွက် အဓိကကျသောလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည် ဟုဖော်ပြထားသည်။ထို့ကြောင့်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည်အရန်တပ်ဖွဲ့ဥပဒေအာ ဏာတည်သည့်နေ့ရက်သတ်မှတ် ခြင်းအမိန့်ကြော်ငြာစာအမှတ်၊၃၂/၂၀၂၄အား၂၀၂၄ခုနှစ်၊ဖေဖေါ်ဝါရီလ၁၃ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။၂၀၁၀ပြည့်နှစ်တွင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊၂၈/၂၀၁၀ဖြင့်ပြဌာန်းခဲ့သောအရန်တပ်ဖွဲ့ဥပဒေသည်၂၀၂၄ခုနှစ်ဖေဖေါ်ဝါရီလ၁၃ရက်မှစတင်၍ အာ ဏာတည်စေရမည်ဖြစ်ကြောင်းယင်းဥပဒေပုဒ်မ၁၊ပုဒ်မခွဲ(ခ)အရ သတ်မှတ်လိုက်သည်ဟု  ဖော်ပြထားသည်။၎င်းဥပဒေသည်အသစ်ပြဌာန်းခြင်းမဟုတ်ဘဲယခင်ဥပဒေကိုပြန်လည်အသက်သွင်းခြင်းဖြစ်သည်။စစ်မှုထမ်းတစ်ဦးသည်စစ်မှုထမ်းခြင်းမှနှုတ်ထွက်ခြင်းသို့မဟုတ်အငြိမ်းစားယူခွင့်ရရှိသည့်နေ့မှစ၍၅နှစ်အထိအရန်တပ်ဖွဲ့တွင်စစ်မှုထမ်းဆောင်ရန်တာဝန်ရှိသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်စစ်မှုထမ်းခြင်းမှမိမိဆန္ဒအလျောက်နုတ်ထွက်သောသို့မ ဟုတ်အငြိမ်းစားယူသောစစ်မှု ထမ်းတစ်ဦးအား အရန်တပ်ဖွဲ့အဖြစ်ခန့်အပ်နိုင်သည်။လေ့ကျင့်ရေးအတွက်ဖြစ်စေ၊စစ်မှုထမ်းဆောင်ခြင်းခံရသောပုဒ်မ၂ပါစစ်မှုထမ်းဆောင်ရန်တာဝန်ရှိသူအားတပ် မတော်၌တာဝန်ထမ်းဆောင်စဉ် ကခွင့်ပြုခဲ့သောနောက်ဆုံးအဆင့်နှင့်စစ်ဝတ်စုံတို့ကိုသုံးစွဲခွင့်ပြုနိုင်သည်။အရန်တပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်အရန်တပ်ဖွဲ့တစ်ဦး၏တာဝန်ထမ်းဆောင်မှုအပေါ်မူတည်၍ယင်း၏ရာထူးနှင့်အဆင့်ကိုတိုးမြှင့်ခြင်းသိ့မဟုတ်လျော့ချခြင်းပြုနိုင်သည်။တပ်မတော်မှရရှိသောအငြိမ်းစားလစာအပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသတ်မှတ်သောအကျိုးခံစားခွင့်များကိုလည်းခံစားနိုင်ပေသ ည်။

အချုပ်အားဖြင့်ဆိုရသော်ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အရန်တပ်ဖွဲ့ဥပဒေများအာဏာတည်ရမည့်ရက်သတ်မှတ်ခြင်းသည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)အရဆောင်ရွက်ခြင်းဖြစ်သည်။လက်ရှိအခြေအနေအရပြဌာန်းရန်လည်းလိုအပ်သည်။နောင်တက်လာမည့်အစိုးရသစ်များအတွက်လည်းမျှော်မှန်းသတ်မှတ်ပေးခြင်းဖြစ်သည်။ထို့ကြောင့်အမိမြန်မာနိုင်ငံတော်ကြီးကမ္ဘာတည်သရွေ့တည်ရှိနိုင်ရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက်လုံခြုံရေးအသိ ပညာအတတ်ပညာများကို အားလုံးတတ်မြောက်အောင်ဆောင်ရွက်သွားကြပါစို့ဟုရေးသားတိုက်တွန်းလိုက်ရပါသည်။       

စိန်ဌေးလှိုင်(ဟိုပုံးမြေ)