၂။ အမှတ်(၂၃၅)ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်စွဲပါ စာအမှတ်၊ ၁၁/၅/ အခ(၄)ဖြင့် မြေဧရိယာ (၇၄.၆၆)ဧကနှင့် ၁၂/၅/အခ(၄)ဖြင့် မြေဧရိယာ (၃၈.၀၉)ဧက တို့ကို လည်းကောင်း၊ ၁၉၉၃ ခုနှစ်၊ ဧပြီလ (၂၇) ရက်စွဲပါ စာအမှတ်၊ ၁၂/၅/အခ (၄)ဖြင့် မြေဧရိယာ (၄၀.၁၈)ဧကကို လည်းကောင်း၊ ၁၉၉၉ ခုနှစ်၊ မေလ (၂၇)ရက်စွဲပါ စာအမှတ်၊ ၂၀၀ / ၁ - ၅ / ဦး ၁ ဖြင့်မြေဧရိယာ(၄၂၁.၃၈)ဧကကိုလည်းကောင်း ၊မကွေးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်စွဲပါ စာအမှတ်၊ ၄၄၁/မြေယာ-၁/တဝတ(မကွေး)ဖြင့် မြေဧရိယာ(၆.၅၅)ဧကကို လည်းကောင်း၊ စုစုပေါင်း (၅၈၀.၈၆)ဧကအတွက် မြေပေးမိန့်များရရှိခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရပြီး အဆိုပါ မြေများအနက် မြေဧရိယာ(၃၈.၉၃)ဧကကို အမှတ်(၁၀၁) ခြေမြန် တပ်မဌာနချုပ်သို့ လွှဲပြောင်း ပေးအပ်ခဲ့သဖြင့် တပ်ပိုင်မြေအဖြစ် (၅၄၁.၉၃) ဧကသာ ကျန်ရှိပါတယ်။
၃။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေဧရိယာ (၂၅.၂၀)ဧကသည် အမှတ်(၂၃၅) ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေအတွင်းရှိ မြကန်သာပန်းခြံအဖြစ် ဆောင်ရွက်ထားရှိသော မြေနေရာဖြစ်ပြီး၊ အဆိုပါ ပန်းခြံကို အမှတ်(၁၀၁)ခြေမြန် တပ်မဌာနချုပ်မှ မြကန်သာ ပန်းခြံတည်ဆောက်ရေးကော်မတီဖွဲ့စည်းပြီး နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း(၃၀)ဖြင့် တပ်ပိုင်မြေအတွင်း စတင် တည်ဆောက်ခဲ့ပါတယ်။
၄။ ၁၉၉၅ ခုနှစ်၊ ဧပြီလ (၁)ရက်တွင် မြကန်သာ ပန်းခြံ တည်ဆောက်ရေးကော်မတီမှ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ တာဝန်လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြကန်သာပန်းခြံ အစဉ် စိမ်းလန်းစိုပြေ လှပစေရေးနှင့် ပခုက္ကူတပ်နယ်ပန်းခြံအဖြစ် ပြောင်းလဲ ဆောင်ရွက်၍ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်ရန် အတွက် ၁၉၉၆ ခုနှစ်၊ ဧပြီလ (၂၂)ရက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂၃၅)ခြေလျင်တပ်ရင်းသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
၅။ ၂၀၀၅ ခုနှစ်တွင် မြကန်သာပန်းခြံအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း (၄၀၀)ခွင့်ပြုပေးခဲ့ပြီး ပန်းခြံသာယာလှပစေရေး ဆက်လက်ဆောင်ရွက် ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတော်အကြီးအကဲမှ ပန်းခြံသို့ ဝင်ရောက် စစ်ဆေးခဲ့ပြီး ပန်းခြံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရန်နှင့် မြေပိုင်ဆိုင်မှုအား တပ်ပိုင်မြေအဖြစ် ဆက်လက်ထားရှိရန် ညွှန်ကြားခဲ့ကြောင်းနှင့် အမှတ်(၂၃၅)ခြေလျင်တပ်ရင်းအနေဖြင့် မြေငှားရမ်းခကို ကာကွယ်ရေး ဌာနရငွေစာရင်းသို့ နှစ်စဉ် ပေးသွင်း လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
၆။ သို့ဖြစ်ပါ၍ အဆိုပါမြကန်သာပန်းခြံမြေ (၂၅.၂၀)ဧကသည် အမှတ်(၂၃၅)ခြေလျင် တပ်ရင်း၏ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးအမိန့်များ ရရှိပြီးဖြစ်ခြင်း၊ ပခုက္ကူမြို့တွင် အခြားပန်းခြံများ ရှိပြီးဖြစ်၍ တပ်နယ်ပန်းခြံအဖြစ် ဆက်လက်ထားရှိရန်လိုအပ်ခြင်း၊ မြေငှားရမ်းခငွေများကို ကာကွယ်ရေး ဌာနရငွေစာရင်းသို့ နှစ်စဉ်ပေးသွင်းလျက်ရှိခြင်းနှင့် တပ်ရင်း၏လုံခြုံရေးကို ထိခိုက်စေနိုင်ခြင်း တို့ကြောင့် လွှဲပြောင်းပေးအပ်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းတင်ပြ အပ်ပါတယ်။
၇။ အားလုံးကို ကျေးဇူးတင်ပါတယ်။